Conflict

Conflict

ပဋိပက္ခဆိုတာ လူတွေမှာအမြဲဖြစ်လေ့ရှိတဲ့အရာ…….. နေ့စဉ်ဘ၀တွေမှာရော ဆက်ဆံရေးတွေမှာရော….

ရည်မှန်းချက်တွေအထိ ပဋိပက္ခတွေက အမြဲရှိနေတတ်တယ်။

Read the rest of this entry »

ရုံးဆင်းချိန်မှာ ချစ်သူနဲ့အတူရှိနေဖို့……… ရောက်တတ်ရာရာတွေပြော ဘ၀ရှေ့ရေးတိုင်ပင်ကြဖို့………

.ဘုရားမှာအတူဆုခြွေပြီး……. ကြည်နှုးဖို့… ….. လေတအေးအေးနဲ့ မြစ်ပြင်ကိုငေးပြီး…..

… သီချင်းလေးတွေညည်းကြဖို့……  ဗိုလ်တစ်ထောင်ကမ်းနားကို အမြဲအတူရောက်ခဲ့ပါတယ်…………..။

ချစ်သူသက်တမ်း ၃နှစ်ကျော်ခဲ့ပေမယ့် ကျမတို့ကြားမှာ ရင်းနှီးမှုနဲ့ရိုးသားမှုမပြောင်းလဲတာရဲ့ ပြယုဒ်တစ်ခုက

အကိုနဲ့ ညီမ (ညီမလေး)  အခေါ်အဝေါ်ပါပဲ။  ဒါကို ကျမကိုယ်တိုင်ကလည်း နှစ်သက်ခဲ့တယ်။

၁၅၀၀ရဲ့ ကြည်နှုးမှုထက် ၅၂၈ နွေးထွေးမှုကို ကျမမြတ်နိုးတတ်လို့ပဲ။

Read the rest of this entry »

စာရေးမယ်…တွေးခဲ့တာကြာပြီ…ဘာရေးမလဲဆိုတာနဲ့အချိန်တွေကုန်ခဲ့တယ်…

အခုတော့ မကြာခင်ကကြားလိုက်ရတဲ့ သတင်းလေးတစ်ပုဒ်ကြောင့် ရေးစရာလေးတွေးမိလာတယ်။ ပညာရေးဝန်ထမ်းတွေ အထူးသဖြင့် အနန္တဂိုဏ်းဝင်ဆရာ၊ ဆရာမတွေ တကယ်တန်းပြောကြကြေးဆို ဒီအလုပ်ဟာ မီးစာကုန်ရေခမ်းပါပဲ..။ ဖယောင်းတိုင်တစ်တိုင်က မီးစာနှစ်ဖက်နဲ့ လောင်ကျွမ်းအားကောင်းကောင်းနဲ့လောင်ကျွမ်းနေတာဟာ ဆရာ၊ ဆရာမတွေ ဘ၀ပါပဲ။ ဖယောင်းတိုင်လေးလောင်ကျွမ်းတာကို ဆရာ၊ ဆရာမတွေနဲ့ဥပမာပေးမယ်ဆို မမှားပါဘူး။ သူတို့လေ့လာထား တာတွေကို သူများကိုသင်ပေးရင်း ဒီထက်ဘာမှ ဖြစ်လာနိုင်စရာမရှိတဲ့ဘ၀လေးမှာ သူများအတွက် အလင်းရောင်တွေ ပေးရင်း သူတို့ကို သူတို့လောင်မှန်းမသိလောင်နေတတ်တာ ကျောင်းဆရာ၊ ဆရာမအလုပ်ပါ။  တကယ်တွေးကြည့်မယ်ဆို သူတို့လိုအနစ်နာခံ သူတွေမရှိဘဲ အားလုံးကိုယ့်အတွက်သာကိုယ့်ကြည့်နေမယ်ဆို ဒီနိုင်ငံရဲ့မျိုးဆက်သစ်လေးတွေ ပညာရေးကို သင်ကြားပေး မည့်သူ ရှိပါ့မလား။ ဒီအပြင် ဆရာ၊ ဆရာမတစ်ယောက်ရဲ့ သြဇာက လူငယ်တစ်ယောက်အပေါ် မှာ မိဘထက်အများကြီးသက်ရောက်မှုရှိတတ်ပါတယ်။ အိမ်ကမနိုင်လို့ အိမ်မှာပြောမရ လို့ ဆရာမဆီမှာ အကူညီတောင်း ခံရတတ်တာတွေ ၊ သူတို့လေးစားသောဆရာ၊ ဆရာမများရဲ့အမှုအကျင့်များကို ပုံတူကူး ချတတ်တာတွေကို မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့် မိဘများနည်းတူ ဆရာ၊ ဆရာမများမှာလည်း ကျောင်းသားများအတွက် စံပြဖြစ်ဖို့လိုသလို ကျောင်းသားများအပေါ် မိဘများနှင့်မခြားဆက်ဆံဖို့လိုအပ်လာပါတယ်။ မိဘနှင့်တွေ့ရချိန်ထက် ကျောင်းတွင် ဆရာ၊ ဆရာမများနှင့်တွေ့ရချိန်ကပိုများနေတတ်ပါတယ်။

Read the rest of this entry »

သစ်ရွက်တချို့က လမ်းမလေးပေါ်မှာ…သစ်ရွက်တချို့က မြက်ခင်းပေါ်မှာ…. သစ်ရွက်တစ်ချို့က သစ်ပင်ပေါ်မှာ…

အလင်းရောင်တစ်ချို့က သစ်ရွက်ကြားကကွက်ကြားလေးလင်းနေပေမဲ့ ကိုယ့်ကိုကိုယ်တောင် သေချာသဲသဲကွဲကွဲမမြင်နိုင်တဲ့ အလင်းမျိုး

တစ်ချက်တစ်ချက်တိုက်လိုက်တဲ့လေက အေးလွန်းလို့ကြက်သီးလေးတွေထပြီး ကိုယ်လေးကျုံ့ဝင်သွားသလိုခံစားနေရတယ်….

တစ်ကိုယ်တည်းလျှောက်လာတာ တော်တော်ဝေးဝေးရောက်တဲ့အထိ ဘာကိုမှသတိမပြုမိပဲလျှောက်လာခဲ့မိတယ်………. အေးလွန်းလို့လက်နှစ်ဖက်ကိုပွတ်လိုက် နားနဲ့ကပ်လိုက်   လုပ်ရင်း လျှောက်လာတာတော်တော်ဝေးဝေးရောက်လာမှ သတိပြုမိတယ် ပတ်ဝန်းကျင်မှာလူသူတစ်ဦး    တစ်ယောက် ကိုမှ မမြင်မိတာပဲ ကိုယ်တိုင်လည်း ဘယ်ကိုသွားနေမှန်းမသိဘူး။ ပတ်ပတ်လည်မှာလည်း တစ်ပေအကွာကိုပင်သဲသဲံကွဲကွဲ မမြင်နိုင် လောက်အောင် မြူတွေဆိုင်းနေပြန်တယ်…။

Read the rest of this entry »

ကျေးရွာနယ်ကိုအခြေခံလို့ တိုင်းပြည်တိုးတက်ရေးအတွက် လူမှုဝန်ထမ်းလုပ်ဆေင်နေသူများကို အတွေးအခေါ်အယူအဆ မြှင့်တင်ပေးချင်သောစိတ်ဆန္ဒကိုအခြေတည်ထားတဲ့ သင်တန်းလေး တခုကို တက်ရောက်ခွင့်ရခဲ့တာဟာ ဘ၀မှာ မေ့မရတဲ့အိပ်မက်လှလှလေး တစ်ခုမက်ခဲ့ဘူးသလို ပြောမကုန်နိုင်အောင်ဖြစ်နေမှာပါ။

ဒီသင်တန်းလေးမှာထူးခြားချက်ပေါင်းများစွာ ရှိနေတယ် မြင်တတ်မယ်ဆို အမျိုးအနွယ်မတူသော အယူအဆမတူသော လူတွေဟာ တူညီသောစိတ်ထားလေးတစ်ခုက ငါတို့လူမျိုး ငါတို့တိုင်းပြည် ငါတို့နိုင်သရွှေ့ ငါတို့စွမ်းသလောက် လုပ်ဆောင်လိုကြသည်ဆိုတဲ့ဆန္ဒလေးတခုပါပဲ။ ထိုသူများတွင် သမိုင်းကပေးသော ဒဏ်ရာများလည်းရှိတတ်ကြသည်။ အနာဂတ်တာဝန်တွေလည်း ပုခုံးမဆန့်အောင်ထမ်းထားကြသေးသည်။ Read the rest of this entry »

ပြောခဲ့ကြတာလဲနှစ်ပေါင်းအတော်ကြာခဲ့ပြီ ….

အော်ခဲ့ကြလို့ အနားပေးခံရတဲ့ လူငယ်တွေလည်း အရှေ့မှာတန်းကိုစီနေပြီ…. ငါတို့ရောအော်နေအုံးမလား…..ငါတို့ရောသူတို့အတွက်ပျော်နေနိုင် လို့လား… အချိန်တွေသာကြာခဲ့ပြီ ဘာမှမထူး အရင်တိုင်းပဲ ငါတို့ချစ်တဲ့ပြည် မထူးဇာတ်ခင်းရင်း လုပ်စားသူတွေကြား ဓါးစာခံဖြစ်နေရရှာ…

အတွင်းကလည်းအော် အပြင်ကလည်းအော် သုံးမရတဲ့ တိုင်းပြည်ဖြစ်နေပေါ့နော်… .လူငယ်တွေကိုပြောချင်တယ်…မျိုးချစ်စိတ်ဆိုတာဒါမျိုးလားနော် …. Read the rest of this entry »

ကျောင်းသားဘ၀ကိုလွမ်းကြကြေးဆို မကုန်နိုင်အောင် ကျွန်မတော့လွမ်းတယ်…. တက္ကသိုလ်ဆိုတာ ငယ်ငယ်က တီဗွီထဲမှာကြည့်ရသလို ဂန္ဓာဝင်တော့မဆန်ဘူး……  ဒါပေမဲ့ သဘာဝတရားကပေးတဲ့လက်ဆောင်တွေနဲ့ မှိုင်းညို့ညို့လှနေတဲ့ တောတန်းလေးလဲရှိပါတယ်….

အစုလိုက်အပြုံလိုက်ပေါက်နေတဲ့ သီဟိုပင်တွေရယ် ဘယ်သူကမှ ပြင်ပေးဖို့ စိတ်မ၀င်စားကြတဲ့ မြေနီကျောက်ကြမ်းခင်လမ်းလေးလဲရှိတယ်….. သဘာဝအလျှောက်ပေါက်နေတဲ့ မြက်ပင်ရှည်ကြီးတွေကြားမှာ ကျောင်းဝတ်စုံမကပ်နိုင်တဲ့ သချာင်္တော်တဲ့ကျောင်းသားတွေ ကဒ်တွေပေါ်က ဂဏန်းတွေကိုပေါင်းနေလိုက်တာ ပတ်ဝန်းကျင်ကိုမေ့လို့….. Read the rest of this entry »

ယဉ်ကျေးမှုအရ အမျိုးသား၊ အမျိုးသမီး ခွဲခြားထားမှုဟာ ရှိနေတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး အမျိုးသမီးတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းကပဲကန့်သတ်နေတာလား ။ ပတ်ဝန်းကျင်ကပဲ ကန့်သတ် ထားတာလား ဆိုတာတွေးသင့်လာပြီ။ အမျိုးသမီးတစ်ယောက် ပညာရေးကိုစတင်ပြောကြည့်ကြရ အောင် အိမ်ထောင်စုတခုမှာ အမျိုးသမီးတစ်ယောက် ပညာရေးကို အဆုံးတိုင်သင်ကြားနိုင်ခွင့်ရရှိခြင်း သည် အလွန်ကံကောင်းသော အမျိုးသမီးတစ်ယောက် အဖြစ်လွန်ခဲ့သော ရာစုတစ်ခုတွင်ဖြစ်ပေါ်ခဲ့ သည်။ Read the rest of this entry »

DSC02915

တည်ငြိမ်တဲ့ ရေပြင်ကြယ်ကြီးကိုရှည်လျားကွေ့ပတ်နေတဲ့ သစ်သားတံတားလေးက ဖြတ်ထားတယ်……နေ၀င်ချိန်ရွှေအိုရောင်တိမ်သားတွေလူးလိမ့်နေတဲ့ ညနေခင်းလေးက မြန်မာဆန်ဆန်ဝတ်ထားတဲ့ ကောင်လေးနဲ့ကောင်မလေးကို ဂန္ဓာဝင်မြောက် ပန်းချီကားတစ်ချပ်ကိုဖန်တီးပေးတယ်…. ကိုယ်စီကိုယ်စီအကြောင်းတွေနဲ့  ဒီနေရာမှာရှိနေတဲ့လူတွေကိုငေးမောရင်း နှစ်ယောက်သားလမ်းလျှောက်လာကြ တာ တော်တော်နဲ့စကားမပြောဖြစ်ဘူး….. အားလုံးကသူတို့နှစ်ယောက်ကို ကြည့်ကြည့်သွားကြတယ်လေ ကောင်မလေးက တံတားရဲ့တစ်ဖက်မှာရပ်လိုက်တော့ ကောင်လေးကအနားမှာရပ်ပြီးအဝေးကို…. ငေးကြည့်နေရင်း ကောင်မလေးကို”ကျေးဇူးတင်ပါတယ်” လို့ Read the rest of this entry »